
Engine Oil နည်းလာလျှင် အင်ဂျင်အလိုအလျောက်ရပ်မည်။ ရေအပူချိန် (100ံC) နှင့်အထက် ကျော်လျှင် အင်ဂျင် အလိုအလျောက်ရပ်မည်။ ဒီဇယ်ဆီ နည်းသွားလျှင်
မိမိအိမ်ထဲမှာနေ၍ အင်ဂျင်ကို နှိုးနိုင်ပါသည်။ ရပ်နိုင်ပါသည်။ ညဘက် မီးပျက်လိုက် လာလိုက်ဖြစ်လျှင် အိမ်အပြင်ထွက်၍ နှိုး/ရပ် စရာမလိုဘဲ အိမ်ထဲမှနေ၍ အင်ဂျင်ကို နှိုး/ရပ် နိုင်ပါသည်။
တစ်လုံးထိုးအသံငြိမ်မီးစက်၏ တည်ဆောက်ထားသည့်စနစ်များ
မီးစက်ဘော်ဒီ၏ နောက်ဖက်မှ လေအေးများးကို ဆွဲယူ၍ ဒိုင်နမိုအင်ဂျင်တို့၏ အပူများကို ဆွဲယူပြီး ရေတိုင်ကီကို ဖြတ်သန်း၍ အပူများကို စွန့်ထုတ်သည့် စနစ်ဖြစ်ပါသည်။ မီးစက်ဘော်ဒီအတွင်းတွင် အပူလုံးဝမရှိပါ။ ထို့ကြောင့် (၂၄) နာရီအပြည့် မောင်းနှင်နိုင်ပါသည်။
မီးစက်ဘော်ဒီ၏နောက်တွင် Control Pannel ပါရှိပါသည်။ Control Pannel မှနေ၍ အင်ဂျင်ကို နှိုးနိုင်ပါသည်။ ရပ်နိုင်ပါသည်။ Breaker တပ်ဆင်ထား၍ ၀န်အားအလွန်အကျွံသုံးခြင်းမှ ကာကွယ်ထားပါသည်။
ဆီတိုင်ကီတွင် Water Sedimenter စနစ်ပါ၍ ဒီဇယ်ထဲမှ ရေပါရှိမှုကို ထိန်းချုပ်နိုင်ပါသည်။ Diesel Drain Valve ပါရှိနေ၍ ရေနှင့် အနယ်အနစ်များကို ဖောက်ထုတ်၍ ဆီတိုင်ကီကို ဆေးကြောနိုင်ပါသည်။
အင်ဂျင်ကို Start နှိုးသော့ဖြင့် နှိုးနိုင်ပါသည်။ ဂေါက်တံဖြင့်လည်း လှည့်နှိုးနိုင်ပါသည်။
Engine oil drain Plug စနစ်ပါရှိ၍ အင်ဂျင်ဝိုင်အဟောင်းလဲလှယ်သည့်အခါတိုင်း လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။
အင်ဂျင်လီဗာ အသေချိန်စနစ်ဖြစ်၍ အင်ဂျင်တစ်ခါနှိုးတိုင်း ဗို့အားကြည့်၍ လီဗာချိန်ရန်မလိုပါ။ အင်ဂျင်ကို အော်တိုဂါဗာနာ ပြုပြင်ထား၍ ၀န်ဆွဲလို့ အင်ဂျင်အပါတ်ရေကျသွားခြင်းမျိုး မဖြစ်တော့ပါ။
2008 Model အသစ်အဖြစ် Auto System နှင့် ကြိုး Remote အသစ် ထပ်မံမိတ်ဆက်လိုက်ပါသည်။
အင်ဂျင်အပါတ်ရေ ပြောင်းလဲသော်လည်း ဗို့အားမပြောင်းလဲသည့် အလိုအလျှောက်ဗို့အားထိန်းကိရိယာ (AVR) တပ်ဆင်ပါရှိပါသည်။


